မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီအထူးအစည်းအဝေး (Extraordinary General Meeting) အား အထူးကုန်စည်ခွန်ဥပဒေနှင့်ပတ်သက်သည့် အခြေအနေရှင်းလင်းတင်ပြခြင်း၊ ၂၀၁၇ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအဖြစ် ရေးဆွဲပြန်လည် မှတ်ပုံတင်ရေး၊ အသင်း၏ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် အသင်းသားရေးရာကိစ္စများ အသင်းသားများသို့ တင်ပြအတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ရန်အတွက် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်၍ အသင်းဝင်များ (မပျက်မကွက်) တက်ရောက်နိုင်ပါရန် ဖိတ်ကြားထားကြောင်းသတင်းရရှိသည်။ အမေရိကန်နိုင်ငံ New Orleans, Louisiana မြို့တွင် ကျင်းပပြုလုပ်သော 62nd Annual IWPA World of Wood Convention 14-16 March 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက အလုပ်အမှုဆောင်များဖြစ်ကြသော ဦးသိန်းချီ၊ ဦးမျိုးမင်း၊ ဦးစောကျော်ကျော်၊ ဦးညွန့်ဆန်း၊ ဦးအေးမင်းကျော်တို့သည် ၁၂-၃-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်းသတင်းရရှိသည်။ သစ်တောထွက်ပစ္စည်းကဏ္ဍအသီးသီးမှ ထုတ်ကုန်များ မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် မြန်မာ့သစ်တောထွက်ပစ္စည်းပြပွဲ ၂၀၁၈ MYANMAR FOREST PRODUCTS EXHIBITION-2018(MFPE-2018) ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်မှ ၂၄ ရက်ထိ (၃)ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် စည်ကားကျင်းပမည်ဖြစ်ကြောင်းနှင့် မည်သူမဆိုလာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ မြန်မာ့ပရိဘောဂကဏ္ဍပို့ကုန်မြှင့်တင်ရန် AFIC အဖွဲ့ဝင်နိုင်ငံ(၃)နိုင်ငံသို့လေ့လာရေးခရီးသွား ရောက်လျှက်ရှိသော မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ AFIC အလှည့်ကျ ဥက္ကဋ္ဌ ဦးအေးလွင်၊ အတွင်းရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် (၉-၃-၂၀၁၈) ရက်နေ့နံနက်ပိုင်းတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သော Exports Furniture Exhibition (EFE)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ပရိဘောဂစက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြောင်းသတင်းရရှိသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းသည် AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂-၁၁-၂၀၁၆ ရက်နေ့မှစတင်တာဝန်ထမ်းဆောင်လျှက်ရှိသည်။ မြန်မာပရိဘောဂကဏ္ဍ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ AFIC အလှည့်ကျဥက္ကဋ္ဌ ဦးအေးလွင်၊ အတွင်းရေးမှူး ဦးစိုးဝင်းတို့ဦးဆောင်ပြီး အဖွဲ့ဝင်စုစုပေါင်း (၁၀)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် AFIC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံ ပရိဘောဂကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများအား လေ့လာရန် (၆-၃-၂၀၁၈)ရက်နေ့ နံနက် (၉း၅၀)နာရီအချိန် လေကြောင်းခရီးဖြင့်ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်းသတင်းရရှိခဲ့သည်။ မြန်မာနိုင်ငံသဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးက ဦးစီးကျင်းပပြုလုပ်သည့် Mongolia's Open Data Policy/Guidelines အစည်းအဝေးသို့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းတက်ရောက်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းသည် ASEAN Furniture Industries Council အလှည့်ကျဥက္ကဋ္ဌတာဝန်ဝတ္တရားများကို ၂၀၁၇ -၂၀၁၈ ခုနှစ်များတွင် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ လက်ရှိ ASEAN Furniture Industries Council အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင်နှင့် အတွင်းရေးမှူးအဖြစ် ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းတို့မှ တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ၏ပရိဘောဂကဏ္ဍ ပို့ကုန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ရန်အတွက် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ ASEAN Furniture Industries Council အလှည့်ကျဥက္ကဋ္ဌ ဦးအေးလွင်၊ ASEAN Furniture Industries Council အလှည့်ကျအတွင်းရေးမှူး ဦးစိုးဝင်းတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် (၁၀)ဦးသည် ၆-၃-၂၀၁၈ ရက်နေ့မှ ၁၂-၃-၂၀၁၈ ရက်နေ့အထိ ASEAN Furniture Industries Council အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ ပရိဘောဂကဏ္ဍ ပို့ကုန်မြင့်တင်ရေး ဆောင်ရွက်နေမှုများအား သွားရောက်လေ့လာကြမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် မေလတွင် ပရိဘောဂကဏ္ဍပို့ကုန်မြှင့်တင်ရေး စာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ နေပြည်တော်တွင် ကျင်းပသော ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံသဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(MEITI) အစည်းအဝေးသို့ မြန်မာ့ ပုဂ္ဂလိကအခန်းကဏ္ဍ ကိုယ်စားပြု အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာစိန်ဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။ မြန်မာ့သစ်တောထွက်ပစ္စည်းပြပွဲ ၂၀၁၈ အား ၂၀၁၈ခုနှစ် မတ်လ ၂၂ ရက်မှ ၂၄ ရက်ထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် (၃)ရက်တိုင်တိုင် စည်ကားတိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ သစ်တောထွက်ပစ္စည်းပြပွဲတွင် သစ်တောထွက်ပစ္စည်းကဏ္ဍအသီးသီးမှ ထုတ်ကုန်များ မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအား ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၇)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါရွေးချယ်တင်မြှောက်ပွဲတွင် အရွေးချယ်ခံမည့် အပြီးသတ်အလုပ်အမှုဆောင်ကိုယ်စားလှယ်လောင်းအမည်စာရင်းအား အောက်ဖော်ပြပါအတိုင်း ကြေညာထားကြောင်းသတင်းရရှိသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းအမှုဆောင်အဖွဲ့သည် ၂၈-၁၂-၂၀၁၇ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန သစ္စာလမ်း ၊ ရန်ကင်းမြို့နယ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့အနေဖြင့် လက်ရှိအမှုဆောင်အဖွဲ့အပေါ် အသင်းဝင်အချို့အမည်ခံ၍ တိုင်ကြားမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်ကြားရသည့်အကြောင်းရင်းများကို သုံးသပ်တင်ပြခြင်း၊ အသစ်ပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီများဥပဒေအရ အသင်းအဖွဲ့များအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွှန်မှုခံယူခြင်းနှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အနေဖြင့်မကြာမီ ကျင်းပပြုလုပ်မည့် ရွေးချယ်တင်မြှောက်ပွဲတွင် အရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့အသစ်အား တာဝန်လွှဲပြောင်းလက်ခံရေးအတွက် လုပ်ထုံးလုပ်နည်းများအား လမ်းညွှန်မှုခံယူခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းတွင် အလုပ်အမှုဆောင် ကိုယ်စားလောင်းအဖြစ် အဆိုပြုအမည်စာရင်းအား ထုတ်ပြန်ကြေညာခြင်းနှင့် ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာချက်များကို ကြော်ငြာထားကြောင်း သတင်းရရှိသည်။ အသိပေးနှိုးဆော်ခြင်းနှင့်ပတ်သက်၍ လူကြီးမင်း၏ တစ်သီးပုဂ္ဂလ/ကုမ္ပဏီအသင်းဝင် (နာမည်များအသေးစိတ်ပါဝင်ပြီး) နှစ်စဉ်ကြေးသည် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလတွင် ကုန်ဆုံးလျှက်ရှိသဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပမည့်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ အသင်းဝင်သက်တမ်းတိုးနှစ်စဉ်ကြေးအား (၂၉-၁၂-၂၀၁၇) ရက်နေ့နောက်ဆုံးထား၍ ပေးသွင်းနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးနှိုးဆော်ခြင်းကို ကြောငြာထားကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၏ အသင်းသားစုံညီအထူးအစည်းအဝေး (Extraordinary General Meeting) ကို ၁၀-၁၂-၂၀၁၇ (တနင်္ဂနွေနေ့) ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း လစဉ်အလုပ်အဆောင်အဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၅-၂၀၁၇)ကို ၁၂-၁၀-၂၀၁၇(ကြာသပတေးနေ့) နေ့လယ် (၁း၀၀)နာရီအချိန် အမှတ် (၂၉) (၇)လွှာ၊ မင်းရဲကျော်စွာလမ်း၊ ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၏ အမှတ်စဉ် (၂၅/၂၀၁၅-၂၀၁၇) အလုပ်အမှုဆောင် အစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၃)ရက် (စနေနေ့) (၂၃-၉-၂၀၁၇) နံနက် (၉း၃၀) နာရီတွင် အသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးနှင့်အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလနောက်ဆုံးပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါအလုပ်အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်အဖွဲ့မှ အသိပေးနှိုးဆော်ချက်ထုတ်ပြန်ထားရှိကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန နှင့် Thai Commercial (Yangon office)မှ တာဝန်ရှိသူပုဂ္ဂိုလ် များသည် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ၇-၉-၂၀၁၇ ရက် (ကြာသပတေးနေ့) နေ့လည် (၁း၀၀)နာရီတွင် လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ သစ်တောထွက်ပစ္စည်းကုန်သွယ်ရေးနှင့်ပတ်သက်သော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းတို့ပူးပေါင်း၍ ဝါးစိုက်ပျိုးမျိုးပွားနည်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၉)ဖွင့်လှစ်

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းတို့ပူးပေါင်း၍ ဝါးစိုက်ပျိုးမျိုးပွားနည်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၉)အား အမှတ်(၆၇၄)၊ ပင်လုံလမ်း(၃၆)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရှိ သစ်အခြေခံစက်မှုနည်းပညာသင်တန်းကျောင်းတွင် (၁၀-၈-၂၀၁၉)ရက်နေ့ စနေနေ့မှစတင်၍ သင်တန်းကာလ(၃)ရက်ပို့ချဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။Invitation card

Comments are closed.